'' ပန်းပိတောက်မင်း''
လတန်ခူးပေမို့ ၊ အလှထူးပါဘိ ၊ မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။
တကယ်တမ်းသာဖြင့် ၊ ဘယ်ပန်းသော် စံမတူဘု ၊ နန္ဒမူ ဖန်ဂူထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ် ၊ အေးရိပ်ဆာယာ။
တစ်နှစ်တွင် သည်တစ်လတွင်ပ ၊ တစ်လတွင် တစ်ရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ ၊ ပွင့်ရှာကြ စုံမြိုင်တွင်း။
မြူမင်းလွင်ထန် ၊ ကြူသင်းတာချိန်ယံ မတော့
ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့် ၊ ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့
သိရ်သရေ ထိန်ဝေလို့ တောက်တဲ့ပြင် ၊ လမ်းတလျှောက် သင်းတာမို့
ဆန်းသလောက် မလင်းနိုင်ဘု ၊ ပန်းပိတောက်မင်း ။ ။

( ဦးကြော့).