Thursday, 14 April 2011

၂၀၁၁ ...သင်္ကြန် အမှတ်တရ ...


'' ပန်းပိတောက်မင်း''
လတန်ခူးပေမို့ အလှထူးပါဘိ မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။
တကယ်တမ်းသာဖြင့် ဘယ်ပန်းသော် စံမတူဘု နန္ဒမူ ဖန်ဂူထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ် အေးရိပ်ဆာယာ။
တစ်နှစ်တွင် သည်တစ်လတွင်ပ တစ်လတွင် တစ်ရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ ပွင့်ရှာကြ စုံမြိုင်တွင်း။
မြူမင်းလွင်ထန် ကြူသင်းတာချိန်ယံ မတော့
ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့် ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့
သိရ်သရေ ထိန်ဝေလို့ တောက်တဲ့ပြင် လမ်းတလျှောက် သင်းတာမို့
ဆန်းသလောက် မလင်းနိုင်ဘု ပန်းပိတောက်မင်း
                                                        ( ဦးကြော့).

No comments:

Post a Comment